လောကချမ်းသာ

 

ဘဒ္ဒေကရတ္တသုတ် တရားတော် - မဟာစည်ဆရာတော်

ဘုန်းကြီးက တရားဟောလို့ရှိရင် မြတ်စွာဘုရားဟောတဲ့ သုတ်တရားတခုခုကို မူတည်ပြီးတော့ ဟောရတယ်။ ဒီအတိုင်း အလွတ် ရုပ်နာမ်တရား လျောက်ပြီး ဟောသွားမယ်ဆိုရင်လဲပဲ ဖြစ်နေတာပါပဲ။ မြတ်စွာဘုရား ဟောတော်မူတဲ့တရား အရင်းခံကလေးကို အခြေတည်ပြီးတော့ ဟောရတာက ပိုပြီးတော့ လေးလေးနက်နက် ရှိပါတယ်။ ဒါကြောင့် မြတ်စွာဘုရားဟောတော်မူတဲ့ တရားလေးတခုကို မူတည်ရမယ်။ ဘာတရားလေး…

Read more

မှတ်စု (‘သလ္လေခသုတ်' - 'မဟာစည်ဆရာတော်ဘုရားကြီး’)

မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသပါဠိတော်၊ သလ္လေခသုတ် ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်မှာ အပ္ပိစ္ဆာဂုဏ်၊ သန္တုဋ္ဌိဂုဏ်၊ သလ္လေခဂုဏ် ဆိုတဲ့ ဒီဂုဏ်တွေဟာ ပြည့်စုံဖို့ရာ အင်မတန် အရေးကြီးတဲ့ ဂုဏ်တွေ ဖြစ်ပါတယ်။ အပ္ပိစ္ဆာဂုဏ် = အလိုရမ္မက်နည်းခြင်း သန္တုဋ္ဌိဂုဏ် = ရောင့်ရဲလွယ်ခြင်း သလ္လေခဂုဏ် = ကိလေသာအညစ်အကြေးများကို ခေါင်းပါးအောင်…

Read more